အိမ်မဲ ၁၂ သြဂုတ်
ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ကုစားရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော Cash for Work စီမံကိန်းရွာ ဖြစ်သော ရေသိုးညောင်ဝိုင်းကျေးရွာအုပ်စု တောင်စုကျေးရွာ၌ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို တာဝန်ရှိသူများက သြဂုတ် ၁၁ ရက်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကျေးရွာတွင် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းသည် ပေ (၄၀ဝ'x ၆'x ၆")ရှိပြီး ယင်းလုပ်ငန်းများကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန(ရုံးချုပ်)မှ လက်ထောက်ညွှန်ကြားရေးမှူး(နည်းပညာ) ဦးဝင်းဇော်ထွန်းနှင့်အဖွဲ့၊ ဧရာဝတီတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး (နည်းပညာ) ဦးသန့်ဇော်လွင်နှင့် အဖွဲ့နှင့် မြောင်းမြခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသင်းဦးတို့က စီမံကိန်းလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးပြီး ကော်မတီဝင်များနှင့်တွေ့ဆုံ၍ လိုအပ်သည်များ ညွှန်ကြားခဲ့ကြောင်း သိရသည်။
ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)