နေပြည်တော် ၁၂ ဩဂုတ်
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) အကြိုညှိနှိုင်းအစည်းအဝေး တတိယနေ့ကို ယနေ့ ဩဂုတ်လ(၁၂)ရက်နေ့ နေ့လယ်တွင် နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ၌ ဆက်လက်ကျင်းပလျက်ရှိသည်။
ယနေ့အစည်းအဝေးတွင် (၉)ကြိမ်မြောက် JICM အစည်းအဝေးသို့ တင်ပြမည့် နှစ်ဖက် အဆိုပြုချက်များ၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေးဆိုင်ရာ ကိစ္စရပ်များနှင့် အထွေထွေကိစ္စရပ်များကို ဆက်လက် ဆွေးနွေးမှာ ဖြစ်ကြောင်း သိရသည်။
#MRTV