မြစ်ကြီးနား ၁၂ သြဂုတ် 

 

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်သည် မြစ်ကြီးနားမြို့နယ်အတွင်းရှိ အောင်မြင်သာစံပြကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း၏ ပညာသင်ကြားရေးလိုအပ်ချက်များနှင့် ကျေးရွာဖွံ့ဖြိုးရေးအတွက် အခြေခံလိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်‌ရေး ယနေ့ နံနက် ၉ နာရီတွင် အဆိုပါကျေးရွာသို့ သွားရောက်ခဲ့ကြသည်။

 

ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အခြေခံပညာအထက်တန်းကျောင်းရှိ အင်ခိုင်ဘွမ်ခန်းမဆောင်၌ ကျောင်းကော်မတီဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က ကိုဗစ်-၁၉ ကာလဖြစ်သည့်အတွက် ပညာသင်ကြားရေးလုပ်ငန်းတွင် လိုအပ်ချက်များရှိလာမည်ဖြစ်သည့် လျှပ်စစ်မီး၊ စာသင်ခုံ၊  သင်ထောက်ကူပစ္စည်း လိုအပ်ချက်များနှင့် မိုးတွင်းကာလဖြစ်သောကြောင့် ကျေးရွာဖွံ့ဖြိုးရေးအတွက် အခြေခံလိုအပ်ချက်များကို မိမိတို့အစိုးရအဖွဲ့အနေဖြင့် တတ်နိုင်သလောက် ဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။

 

4

 

ဆက်လက်၍ ကျောင်းအုပ်နှင့် ကျောင်းကော်မတီဝင်များ၏ ကျောင်းအတွက်လိုအပ်သည့် အခြေခံအဆောက်အအုံများ ပြုပြင်ပေးနိုင်ရေးနှင့် သင်ထောက်ကူပစ္စည်း လိုအပ်ချက်များ၊ အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ရပ်မိရပ်ဖများ၏ ကျေးရွာဖွံ့ဖြိုးရေးအတွက် လိုအပ်သည့် ကျေးရွာတွင်းလမ်းများ၊ ကျန်းမာရေးအဆောက်အအုံ ဆောက်လုပ်နိုင်ရေး မြေနေရာအတွက် ဂရန်ရရှိရေး၊ စိုက်ပျိုးမြေရရှိရေး စသည့်လိုအပ်ချက်များ တင်ပြဆွေးနွေးမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းအတွက် လိုအပ်သည်များနှင့် ကျေးရွာဖွံ့ဖြိုးရေးအတွက် လိုအပ်သည့် အခြေခံလိုအပ်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ဌာနဆိုင်ရာ အကြီးအကဲများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည်းဆည်းဆောင်ရွက်ပေးခဲ့သည်။

 

ပြည်နယ်(ပြန်/ဆက်)