စေတုတ္တရာ ၁၂ ဩဂုတ်
မကွေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၊ တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် မင်းဘူးခရိုင် စေတုတ္တရာမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှူးရုံးနှင့် ပွင့်ဖြူငါးလုပ်ငန်းစခန်းတို့ ပူးပေါင်း၍ ကျေးလက်ဒေသများတွင် ငါးမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး၊ ကျေးလက်နေပြည်သူများ ငါးစားသုံးခြင်းဖြင့် အသားဓါတ်ပိုမိုရရှိကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေး၊ တစ်ပိုင်တစ်နိုင် ငါးမွေးကန်များ ပိုမိုဖြစ်ထွန်းလာစေရေး၊ ငါးမွေးမြူခြင်းဖြင့် မိသားစုအပိုဝင်ငွေ ရရှိနိုင်စေရေးတို့အတွက် အခြေခံငါးမွေးမြူရေးနှင့် နည်းပညာပေးသင်တန်းကို စေတုတ္တရာမြို့နယ်၊ သံဆည်ကျေးရွာ၌ ဩဂုတ် ၁၂ ရက်တွင် သင်တန်းသား/ သင်တန်းသူ ၃၀ ဖြင့် ဖွင့်လှစ်ပို့ချခဲ့သည်။
အဆိုပါသင်တန်းတွင် မြို့နယ်ငါးလုပ်ငန်းဦးစီးမှူး ဦးဇော်ထွန်းဦးမှ ငါးသယံဇာတ ထိန်းသိမ်းရေးဆိုင်ရာများနှင့် ငါးလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုများကို ဟောပြောခဲ့ပြီး ငါးလုပ်ငန်းစခန်းတာဝန်ခံ ဦးဉာဏ်ဝင်းမှ ငါးလုပ်ငန်းစခန်းများတွင် မွေးမြူသားဖောက် ထုတ်လုပ်နေသည့် ငါးအမျိုးအစားများ၊ ကန်ပြင်ဆင်ခြင်း၊ မျိုးငါးများနှင့် ငါးသားပေါက်များ ပြုစုစောင့်ရှောက်ခြင်း၊ ငါးကန်ရေအရည်အသွေး ထိန်းသိမ်းခြင်း၊ ငါးအသားတိုးမွေးမြူခြင်းနှင့် ငါးမွေးမြူရေးတွင် သတိပြုရမည့်အချက်များ (ဆောင်ရန်/ရှောင်ရန်) စသည့်တို့ကို ဟောပြောပို့ချခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သတင်းရရှိသည်။
MDN