ဆော  ၁၃  သြဂုတ် 

မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ဆောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော စတုတ္ထနှစ်စက်ဝန်း လူထုဗဟိုပြုစီမံကိန်းကျေးရွာ ဖြစ်သည့် ဆွဲလွဲကျင်းကျေးရွာ အုပ်စု၊ ဆွဲလွဲကျင်းကျေးရွာ နှစ်ထပ်စာသင်ကျောင်းဆောင်သစ် ဆောက်လုပ်ပြီးစီးမှုအခြေအနေကို မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးအောင်နှင့် တာဝန်ရှိသူများက  သြဂုတ် ၁၂ ရက်တွင် ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ 

ကွင်းဆင်းစစ်ဆေးရာ၌ အဆိုပါအဖွဲ့သည် လုပ်ငန်းပြီးစီးမှုအခြေအနေအား လှည့်လည်ကြည်ရှု ပြီး ကော်မတီဝင်များနှင့်တွေ့ဆုံကာ စာသင်ကျောင်းဆောင်ကြီးအား ရေရှည်တည်တံ့စေရန် ပြုပြင် ထိန်းသိမ်းရေးအစီအစဉ်များ စနစ်တကျရေးဆွဲထားရန်၊ ယခုကဲ့သို့ စီမံကိန်းများ မိမိကျေးရွာသို့ ထပ်မံရောက်ရှိလာပါက ကျေးရွာလူထုအားလုံးမှ တက်တက်ကြွကြွ ပူးပေါင်း ပါဝင်ကြရန်၊ စီမံကိန်းအပြီးသတ်အနေဖြင့် လူထုစစ်ဆေးပွဲပြုလုပ်ရာတွင်လည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထား သော ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်သွားကြရန် မှာကြားခဲ့သည်။

ယင်းကျေးရွာရှိ အလျားပေ(၆၀)၊ အနံ ပေ(၃၀)၊ အမြင့်(၂၁)ပေရှိ နှစ်ထပ် စာသင်ကျောင်းဆောင် သစ်ကို စီမံကိန်း တတိယနှစ်စက်ဝန်းနှင့် စတုတ္ထနှစ်စက်ဝန်း စက်ဝန်း(၂)နှစ်ဆက် ဆောင်ရွက် ခဲ့ခြင်းဖြစ်ကာ စီမံကိန်းထောက်ပံ့ငွေကျပ် ၂၆၄ သိန်း၊ ကျေးရွာလူထု ထည့်ဝင်ငွေကျပ် ၉၈ သိန်း ဖြင့် အကောင်ထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဇော်မျိုးသန့်(ဆော)