ကျွန်းလှ   ၁၃   ဩဂုတ်

 

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကျွန်းလှမြို့နယ် ပျဉ်းမမြိုင်ရပ်ကွက်တွင် မြန်မာ့ရိုးရာ လက်ရက်ကန်း ပညာတန်ဖိုးထား ထိန်းသိမ်းမြတ်နိုးတတ်စေရန် ရည်ရွယ်၍ လက်ရက်ကန်းပညာ လက်ဆင့်ကမ်း အခမဲ့သင်ကြား ပေးလျက်ရှိကြောင်း သိရသည်။

 

လက်ရက်ကန်းလုပ်ငန်းဖြင့် အမျိုးသမီးများအလုပ်အကိုင်အခွင့်အလမ်းရရှိပြီး တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိ မည်ဖြစ်ကြောင်း၊ ယခုအခါ ဒီဇိုင်းနှစ်မျိုး ရက်လုပ်နေပြီး တစ်စုံကို ငွေကျပ် ၂၅၀ဝ၀ မှ ၃၅၀ဝ၀ဈေးဖြင့် ရောင်းရကြောင်း၊ တစ်လငါးစုံခန့်ပြီး၍ ဝင်ငွေကျပ် တစ်သိန်းခွဲမှ နှစ်သိန်းခန့် ရရှိကြောင်း၊ သင်တန်းသူများကို  ပန်းကောက်၊ ချည်ဆက်၊ ဒီဇိုင်း၊ ဇာချည်ဆက်၊ ရက်ဖောက်ယောက်၊ ခတ်နည်း စသည့်ဘာသာရပ်များ သင်ကြားပေးကြောင်း ရက်ကန်းလုပ်ငန်းပိုင်ရှင် ဒေါ်ယုယုနိုင်က ပြောသည်။

 

ကျွန်းလှမြို့နယ်၊ ရပ်ကွက်/ကျေးရွာများတွင် လက်ရက်ကန်းလုပ်ငန်းကို တစ်ပိုင်တစ်နိုင် လုပ်ကိုင် လာကြရာမှ စီးပွားဖြစ် လုပ်ကိုင်လာကြကြောင်း၊ အမျိုးသမီးများလည်း အလုပ်အကိုင်ရရှိနေကြကြောင်း သိရသည်။

 

မျိုးဝင်းညို(ကျွန်းလှ)