ဝက်လက် ၁၃ သြဂုတ်
စစ်ကိုင်းတိုင်ဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့ ဆည်မြောင်းဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ မိုးစပါး စိုက်ပျိုးနိုင်ရေး စီးမံကိန်း၊ သဖန်းဆိပ်ဆည်ရေဖြင့် ဧက ၈၄၅၀၀ လျာထား စိုက်ပျိုးလျက်ရှိရာတွင် ဇူလိုင် ၇ ရက်မှစတင်၍ ဆည်ရေပေးဝေကြောင်း သိရသည်။
ဝက်လက်မြို့နယ် ဆည်မြောင်းဦးစီးဌာနမှ ဆည်ရေပေးဝေရာတွင် တောင်သူများအနေဖြင့် စိုက်ပျိုးရေ ယူရာတွင် အခက်ခဲမဖြစ်စေရေးအတွက် ရေစီးရေလာကောင်မွန်ရေး၊ ရေပေးမြောင်းများ ရှင်းလင်းခြင်း လုပ်ငန်းကို မီနီဘက်ဟိုး (၆)စီးဖြင့် စီစဉ်ဆောင်ရွက်လျက်ရှိသည်။ မြို့နယ်အတွင်း ကျေးရွာပေါင်း (၁၃) ရွာရှိ မိုင်းနားမြောင်း (၁၃)မြောင်းကို ရေလမ်းရှင်းလင်းခြင်းလုပ်ငန်း စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ဝက်လက်မြို့နယ် ဆည်မြောင်ဦးစီးဌာနမှ ဦးစီးမှူး ဉီးရန်နိုင်၏ ပြောကြားချက်အရ သိရသည်။
စိုးစိုးလှိုင် (ဝက်လက်)