ကျိုက်မရော  ၁၃   သြဂုတ်

 

မော်လမြိုင်ခရိုင် ကျိုက်မရောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူး ဖွင့်လှစ်သော ကျေးလက်ဒေသနေ အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲကို ယမန်နေ့က လှကဇိုင်းကျေးရွာ ဘုန်းကြီးကျောင်း ဓမ္မာရုံ၌ ပြုလုပ်သည်။

 

mdn

 

ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောကျော်ဝင်းမောင်နှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်မျိုးမြင့်တို့က အမှာစကားပြောကြားပြီး မွန်ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးစိုးမောင်ကကျေးလက်ဒေသမှ အမျိုးသမီးများ အတွက်  အိမ်မှာနေရင်း မိသားစုဝင်ငွေတိုးပွားစေရန် ရည်ရွယ်၍ အသက်မွေး ဝမ်းကျောင်း  အထောက်အကူပြု စက်ချုပ်သင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်း ဆွေးနွေးခဲ့သည်။

 

ထို့နောက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက သင်တန်းသူများအား သင်တန်းအထောက်အကူပြု ပစ္စည်းများကို ပေးအပ်သည်။

 

အဆိုပါ အခြေခံအပ်ချုပ်သင်တန်းသို့ လှကဇိုင်းကျေးရွာမှသင်တန်းသူ(၂၀) တက်ရောက်ခဲ့ကြပြီး သင်တန်း ကာလမှာ ရက်သတ္တ (၄)ပတ်ကြာမြင့်မည်ဖြစ်ကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

 

ချိုချို(ပြန်/ဆက်)