ကျွန်းစု ၁၃ ဩဂုတ်
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် သဘာဝဘေးဒဏ်ခံစားခဲ့ရပြီး ပိုမိုထိခိုက်ခဲ့သော နေအိမ်(၁၈)လုံး အတွက် အလှူငွေရှာဖွေထိန်းသိမ်းရေးကော်မတီက နေအိမ်ပြန်လည်ဆောက်လုပ်ပေးနိုင်ရေး (၁)အိမ်လျှင် ငွေကျပ် (၁၀)သိန်းနှုန်းဖြင့် ငွေကျပ်သိန်း(၁၈၀) ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ကျွန်းရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်တင်ရီ က အဖွင့်အမှာစကားပြောကြားခဲ့ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသော ဦးဇော်ဟိန်းနှင့် ဦးဉက္ကာမင်း၊ မြို့နယ်သဘာဝဘေးဒဏ် ခံစားရသည့် မိသားစုများအတွက် အလှူငွေရှာဖွေထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဌေး တို့က အမှာစကားပြောကြားခဲ့သည်။
ထို့နောက် လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက သဘာဝဘေးကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် ကပကျေးရွာအုပ်စုတွင် နေအိမ်(၄)လုံး၊ ရေမြစ်ကြီးကျေးရွာအုပ်စုတွင် နေအိမ်(၁၄)လုံးမှ အိမ်ထောင်စု (၁၈)စုတို့ အား နေအိမ်ပြန်လည်ဆောက်နိုင်ရေးအတွက် (၁)အိမ်လျှင် ငွေကျပ် (၁၀)သိန်း ထောက်ပံ့ပေးအပ်ခဲ့ရာ သဘာဝ ဘေးဒဏ်ခံစားရသည့် မိသားစုဝင်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ ဒေါက်တာထူးနေအောင်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
စည်သူရအောင်(ကျွန်းစု)