တီးတိန်  ၁၃    ဩဂုတ်

ချင်းပြည်နယ် ဖလမ်းခရိုင် တီးတိန်မြို့နယ် ခိုင်ကမ်းမြို့ တွင်  ကလေးဗဟိုပြု လူထုအခြေပြု တာဝန်ယူမှု တာဝန်ခံမှု သင်တန်းကို Save the Children SACC Sweden စသည့် NGO အဖွဲ့အစည်းများ ပူးပေါင်း၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ နှစ်ရက်တာ ကျင်းပြုလုပ်သည်။

 

သင်တန်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ ကလေးနှင့်လူထုသည် ကလေးဗဟိုပြု ဝန်ဆောင်မှု အဓိပ္ပာယ်နှင့် သက်ဆိုင်သည့်ဌာနဆိုင်ရာများ၏ ကလေးများအတွက် ပေးလျက်ရှိသော ဝန်ဆောင်မှုများ သိရှိလာစေရန်  မြို့အတွင်းနေထိုင်သည့် ကလေးသူငယ်များအတွက် လိုအပ်နေသည့်  အရည်အသွေး ပြည့်မီသည့် ဝန်ဆောင်မှုများ ဖော်ထုတ်နိုင်စေရန်နှင့်  ညှိနှိုင်းဆောင်ရွက်တတ်စေရန် ပြည်သူလူထုနှင့် အစိုးရဌာနဆိုင်ရာများ ပူးပေါင်း၍  ဝန်ဆောင်မှုများကို အပြည့်အဝရရှိစေရန်ဖြစ်ကြောင်း သင်တန်းမှ တာဝန်ခံတစ်ဉီးက ပြောကြားသည်။

 

သင်တန်းဖွင့်လှစ်ရာတွင် ကိုဗစ် ၁၉ ကပ်ရောဂါကာလဖြစ်သဖြင့်  ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ လမ်းညွှန်ချက်များကို လိုက်နာ၍ လူစုလူဝေးမဖြစ်စေရေး အစည်းအဝေးခန်းမတွင် သင်တန်းသား ၆ ဦးကို ဆရာမနှစ်ဦးဖြင့်ပို့ချခဲ့ခြင်းဖြစ်ပြီး  ကျန်းမားရေးဌာနမှလည်း ကိုယ်အပူချိန် တိုင်းတာခြင်းများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ဝုန်လွန်းညောင်(ခိုင်ကမ်း)