မိုးနဲ ၁၃ ဩဂုတ်
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ် ကွန်နားကျေးရွာအုပ်စု ကုန်းကျောင်း ကျေးရွာရှိ ရွှေမိုးနဲကုမ္ပဏီက ဆောင်ရွက်သော စိမ့်စမ်းရေသွယ်တန်းခြင်းလုပ်ငန်း(၃/၄)မိုင်နှင့် ( ပြည်သူ၊ ကျေးလက်၊ ယူနီဆက်)တို့ ပူးပေါင်း၍ အိမ်တိုင်ရာရောက်ရေမီတာစနစ်ဖြင့် ဆောင်ရွက် သော ကွန်နားကျေးရွာအုပ်စု လွိုင်လင်းကျေးရွာ ရေပိုက်သွယ်တန်းနေမှုကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခိုင်စုဟန်နှင့် အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရးမှူး ဒေါ်နော်မူးခိုဖောနှင့် အဖွဲ့ဝင်များ၊ လင်းခေးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ငွေနှင့်အဖွဲ့ဝင်များက ယမန်နေ့ မွန်းလွဲ ၂ နာရီက အဆိုပါ ကျေးရွာများရှိ လုပ်ငန်များဆောင်ရွက်နေမှုကို ကွင်းဆင်းစစ်ဆေးခဲ့သည်။
ဆက်လက်၍ မိုးနဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဒေါ်အိအိမွန်နှင့် တာဝန်ခံအင်ဂျင်နီယာတို့က လုပ်ငန်းဆောင်ရွက်နေမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး တင်ပြချက်များအပေါ် လိုအပ်သည်များကို ရုံးချုပ်၊ ပြည်နယ်၊ ခရိုင်တို့မှ တာဝန်ရှိသူများက လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ (ပြန်/ဆက်)