ပင်လောင်း ၁၃ ဩဂုတ်
၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်း မြို့နယ်အတွင်းရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့်သင် ကျောင်းသား ကျောင်းသူများအတွက် ဗလာစာအုပ်များ၊ ပုံနှိပ်စာအုပ်များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ပင်လောင်းမြို့နယ်အတွင်း အထက်တန်းအဆင့် (၂၂)ကျောင်းနှင့် အလယ်တန်းအဆင့် (၅၂)ကျောင်းအတွက် ဗလာစာအုပ်(၁၆၃၀၈) ဒါဇင်၊ မူလတန်းအဆင့်(၂၁၁)ကျောင်းအတွက် ဗလာစာအုပ် (၁၆၃၆၈) ဒါဇင်ကို ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ရိုက်နှိပ်ဖြန့်ဝေခဲ့ပြီး Grade-10 စနစ်သစ်နှင့် စနစ်ဟောင်း ကျောင်းသား/ကျောင်းသူများအတွက် ဘာသာစုံပုံနှိပ်စာအုပ်များကို ပညာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် ထပ်မံဖြန့်ဝေပေးခဲ့ပြီးကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်