ကြာအင်းဆိပ်ကြီး ၁၃ ဩဂုတ်

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ဖြစ်ပွားနေမှု အခြေအနေအရ ကုစားနိုင်ရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ စီမံလမ်းညွှန်မှုဖြင့် ကရင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများအနေဖြင့် မျိုးစပါးလိုအပ်ချက်များမရှိစေရေး မျိုးကောင်းမျိုးသန့်မျိုးစပါးများအား စနစ်တကျ စိုက်ပျိုးမျိုး‌စေ့ထုတ်လုပ်ပြီး အခြားတောင်သူများ ကိုပါ ပြန်လည်ဖြန့်ဝေပေးနိုင်ရေးအတွက် CERP Plam အရ မျိုးစေ့ထုတ်လုပ်ငန်းကို ယခုမိုးတွင်းကာတွင် ကြာအင်းဆိပ်ကြီးမြို့နယ်၌ (၁၄၅)ဧက စိုက်ပျိုးထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ မျိုးစေ့ထုတ်လုပ်စိုက်ပျိုး‌နေသည့် ကြခတ်‌ချောင်းကျေးရွာအုပ်စု အုန်းတစ်ပင်ကျေးရွာမှ ဒေသခံ တောင်သူ ဦးမြတ်ကျော်၏ မျိုးစေ့ထုတ်လယ်ယာ၊ ()ဧက၌ နည်းစနစ်မှန်ကန်စွာ စိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ယနေ့နံနက်ပိုင်းက သွားရောက်ကာ စိုက်ပျိုးနည်းစနစ်များအား လက်တွေ့စိုက်ပျိုး ဆောင်ရွက်ပေးခဲ့ပြီး အခြားမျိုးစေ့ထုတ်စိုက်ပျိုးတောင်သူများကို မိမိတို့စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများအနေဖြင့် လယ်ယာကွင်းအတွင်းသို့ သွားရောက်ပြီး နည်းစနစ်များကို ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း ဒုတိယဦးစီးမှူးဦးကျော်ဝင်းက ပြောကြားသည်။

မျိုးမင်းဦး(ပြန်/ဆက်)