ဆွမ်ပရာဘွမ် ၁၄ ဩဂုတ်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်၌ အသက် (၆) လမှ အထက်တန်း ကျောင်းသားအထိ ကလေးငယ်များအား ဗီတာမင်အေဆေးနှင့် သန်ချဆေး တိုက်ကျွေးခြင်း လုပ်ငန်းကို မြို့ပေါ်(၃) ရပ်ကွက်ရှိ ကလေးငယ်များနှင့် ကျေးရွာအုပ်စုများရှိ ကလေးငယ်များအား ယမန်နေ့နံနက် (၉) နာရီက မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် စတင်တိုက်ကျွေးလျက်ရှိသည်။

 

ဆေးတိုက်ရာတွင် အသက်(၆)လ မှ အသက် (၁) နှစ်အထိ ကလေးငယ်များအား ဗီတာမင်အေ ၁ သိန်းအား၊ အသက် (၁) နှစ်မှ (၅) နှစ်အထိ ကလေးငယ်များအား ဗီတာမင်အေ (၂) သိန်းအား၊ အသက်(၂)နှစ်မှ အထက်တန်းကျောင်းသားအထိ သန်ချဆေး (၁) လုံးကို ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ တိုက်ကျွေးလျက်ရှိကြောင်း မြို့နယ်ကျန်းမာရေးမှူးအဆင့်(၁) ဒေါ်ဂျေလုဂျာ က ပြောကြားသည်။

 

အဆိုပါဆေးအား မြို့ပေါ်(၃) ရပ်ကွက်ရှိ ကလေးငယ်များနှင့် ကျေးရွာအုပ်စုများရှိ ကလေးငယ်  (၂၅၃) ဦးတို့အား တိုက်ကျွေးခဲ့ပြီးဖြစ်ကြောင်း ကျန်ကလေးငယ်များအား ဆက်လက်တိုက်ကျွေးသွားမည် ဖြစ်ကြောင်း သိရသည်။

ကုဋေ (ဆွမ်ပရာဘွမ် ပြန်/ဆက်)