လှိုင်းဘွဲ ၁၄ ဩဂုတ်

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာဖတ်ပရိသတ်အကြိုက် စာအုပ်များ Online မှတစ်ဆင့် မိတ်ဆက်ခြင်းကို ယမန်နေ့က Community Centre ခန်းမ၌ ပြုလုပ်ခဲ့သည်။ 

 

အဆိုပါမိတ်ဆက်ခြင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ခင်စန်းမြင့်၊ စာထောက်-၃ (အင်အားပြ) ဦးမျိုးကိုကို၊ စာဖတ်ပရိသတ် ဦးလင်းခိုင်တို့က  စာရေးဆရာ ဖေမြင့် ရေးသားထားသော နှလုံးသားအာဟာရ ရသစာစုများ(၂) စာအုပ်ထဲမှ တောင်းပန်ရဲခြင်း၊ မိသားစု နွေးထွေးခြင်း၊ ကောင်းမှုပြုလုပ်ထားခြင်းအားဖြင့် မိမိဆီပြန်လည်ရောက်ရှိလာခြင်း စသော အကြောင်းအရာများကို စာဖတ်ပရိတ်သတ်များအား Online မှတစ်ဆင့် အသေးစိတ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)