မုဒုံ ၁၄ သြဂုတ်
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် မုဒုံမြို့နယ်ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းတွင် ယနေ့နံနက်(၉)နာရီက သဘာဝဆိုးဆေးလက်သုတ်ပုဝါ (လက်ရက်ကန်း)ဖြင့် လက်တွေ့လုပ်ငန်းခွင် သင်တန်းဖွင့်လှစ်ကြောင်း သိရသည်။
ကိုဗစ်-၁၉စီးပွားရေးကုစားမှုရန်ပုံငွေ အစီအစဉ်ဖြင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစားဌာနက ပြင်ပမှနေရပ်ထံပြန်လာသူများ၊ အလုပ်အကိုင်ရှာဖွေနေသည့် ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်နှင့် နေ့စဉ်ပုံမှန်ဝင်ငွေရရှိစေရန် ရည်ရွယ်၍ သင်တန်းကိုဖွင့်လှစ်ကြောင်း မြို့နယ်ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးကျော်အောင်က ပြောသည်။
အဆိုပါသင်တန်းကို ကျောင်းအုပ်ဆရာကြီးနှင့် သင်တန်းနည်းပြ(၂)ဦးတို့က (၂၄)ရက်ကြာ လက်တွေ့သင်ကြား ပေးသွားမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၁၀)ဦးရှိကြောင်း သိရသည်။
အောင်မျိုးသူ(မုဒုံ)