မော်လိုက် ၁၄ သြဂုတ်
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့အနောက်ဘက် မော်လိုက်-ပြောင်ဘုတ်ကားလမ်းဘေးတွင် ဖွင့်လှစ်ထားသည့် ပျားစွဲဆင်ထိန်းသိမ်း စောင့်ရှောက်ရေးစခန်းအား COVID-19 ရောဂါကြိုတင် ကာကွယ်ရေး နည်းလမ်းများနှင့်အညီ ပြန်လည်ဖွင့်လှစ်နိုင်ရေး သြဂုတ် ၁၃ ရက် နံနက်ပိုင်းက မြို့နယ် COVID-19 ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်မြင့်ဦးနှင့် အဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ကျွန်တော်တို့ “ဒီပျားစွဲဆင်စခန်းဟာ အသက်ကြီးတဲ့ ဆင်တွေနဲ့ ဆင်သားအမိတွေကိုထားရှိတဲ့ ဆင်စခန်းကို အမှီပြုပြီးတော့ နိုင်ငံခြားသားခရီးသွားများ ဆင်အကြောင်းများကို လေ့လာနိုင်ရန်အတွက် ၂၀၁၃ ခုနှစ်လောက်က စတင်ပြီး ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်တွင်းခရီးသွားများကိုတော့ ၂၀၁၇ ခုနှစ် အောက်တိုဘာလမှ စတင်လက်ခံပြီး ဆင်စုစုပေါင်း(၈)ကောင်ဖြင့် ပြသပေးခဲ့ခြင်းဖြစ်ကြောင်း၊ ပျားစွဲဆင်ခန်းအား ၂၀၂၀ ခုနှစ် မတ်လ ၂၄ ရက်နေ့မှစတင်၍ ခေတ္တပိတ်ထားခဲ့ရကြောင်း၊ ယခုအခါ ရေကြောင်းများ ကောင်းမွန်လာပြီး နိုင်ငံခြားသားခရီးသွားများ လာရောက်လေ့ရှိသည့် အချိန်ကာလသို့ ရောက်လာသဖြင့် ခရီးသွားများ လာရောက်ပါက လာရောက်လေ့လာနိုင်ရန်အတွက် ဆင်စခန်းအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို မြို့နယ် COVID-19 ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီအဖွဲ့နှင့်အတူ ကွင်းဆင်းစစ်ဆေးခြင်းဖြစ်ပါကြောင်း၊ ကွင်းဆင်းစစ်ဆေးချက်အရ ခွင့်ပြုချက်ရပါက ပျားစွဲဆင်စခန်းအား COVID-19 ရောဂါကာကွယ်ရေးနည်းလမ်းများနှင့်အညီ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ ပြင်ဆင်ထားရှိမှုအနေဖြင့် ဆင်စခန်းအဝင်ပေါက်တွင် အပူချိန်တိုင်းတာခြင်း၊ လက်ဆေးဘေစင်များထားရှိပြီး ဝင်ရောက်လာသူများအား လက်ဆေးစေခြင်း၊ နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်စေခြင်း၊ ဆင်များအား အစာကျွေးခြင်းနှင့် ဆင်ရေချိုးနေမှုတို့အား ပြသသည့်နေရာများတွင်လည်း လူစုလူဝေးမဖြစ်စေရန် ခြောက်ပေအကွာ နေရာများသတ်မှတ်ပေးထားပြီး ဆင်စခန်းအတွင်းသို့ လူဦးရေများအား ညွှန်ကြားချက်များ ဝင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း” မော်လိုက်အနောက်သစ်ထုတ်ရေးဒေသ၊ ဒေသတာဝန်ခံ မန်နေဂျာ ဦးဆလိုင်းထောင်လျန်ထန်း ပြောကြားချက်အရ သိရသည်။
မော်လိုက်သားလေး