မြန်အောင် ၁၄ ဩဂုတ်

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ်အတွင်း ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် ရွှေ့ပြောင်း ကျွဲ၊ နွား၊ ဝက်များအတွက် တိရစ္ဆာန်အစားအစာများကို ယနေ့နံနက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ထောက်ပံ့ပေးအပ်ခဲ့သည်။

 

ဧရာဝတီတိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဖြန့်ဖြူးပေးသော နွားစာအိတ် (Windmill 5573)နှင့် ဝက်စာအိတ် (SJ 751) တိရစ္ဆာန်အစာနုအိတ်များကို မြန်အောင်မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာလှိုင်‌ဆွေက ဧရာဝတီမြစ်ရေဝင်ရောက်ပြီး သဘာဝဘေး ကြုံတွေ့ရသည့် မြစ်ကျိုး၊ ကဇွန်းခုံ၊ ညောင်ဝိုင်း၊ ပဲတခွဲ၊ မဲခင်းချောင်ကျေးရွာအုပ်စုတို့မှ တာဝန်ရှိသူများကို ပေးအပ်ခဲ့သည်။

 

မြန်အောင်မြို့နယ်၌ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ရွှေ့ပြောင်း ကျွဲ၊ နွား၊ ဝက်များအတွက် နွားအစာနုအိတ် (Windmill 5573) ၁၄၀ နှင့် ဝက်အစာနုအိတ်(SJ 751) ၄၀  ဖြန့်ဖြူးပေးခဲ့ကြောင်း သိရသည်။

ဝင်းဗိုလ် မြန်အောင် ပြန်/ဆက်