၁၄ ဩဂုတ်
အမေရိကန်နဲ့ ဆလိုဗေးနီးယားတို့ 5G နက်ဝက်အတွက် ယုံကြည်မှုမရရှိနိုင်တဲ့ လုပ်ငန်းရှင်တွေ မပါဝင်ရေး သဘောတူစာချုပ်မှာ ကြာသပတေးနေ့က လက်မှတ်ရေးထိုးကြပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယို ရဲ့ ဥရောပအလယ်ပိုင်း ခရီးစဉ်အတွင်းမှာ စလိုဗေးနီးယား နိုင်ငံခြားရေးဝန်ကြီးနဲ့ သဘောတူလက်မှတ်ရေးထိုးကြတာ ဖြစ်ပါတယ်။
နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေ လက်မှတ်ရေးထိုးထားတဲ့ ကြေညာချက်မှာ တရုတ်နည်းပညာကုမ္ပဏီ ဟွာဝေးအမည်ကို တိုက်ရိုက်သုံးစွဲထားခြင်း မရှိတာကိုတွေ့ရပါတယ်။
သတင်းစာရှင်းလင်းပွဲမှာတော့ မိုက်ပွန်ပီယိုက တရုတ်ကွန်မြူနစ်ပါတီရဲ့ ခြိမ်းခြောက်မှုနဲ့ အဲဒီခြိမ်းခြောက်မှုနဲ့ ဆက်စပ်ပြီး သူတို့နိုင်ငံသားတွေ၊ နိုင်ငံ့စီးပွားရေးနဲ့ သတင်းအချက်အလက် တွေ ထိန်းချုပ်နိုင်ကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီ က သူတို့ရဲ့ လွတ်လပ်မှုကို ထိန်းချုပ်ဖို့ ကြိုးစားမှုကို တွန်းထုတ်ရတာဖြစ်ကြောင်း ပြောကြားပါတယ်။
ဟွားဝေးကုမ္ပဏီ ဘက်ကလည်း မနေ့က ကြေညာချက်အပေါ် တုန့်ပြန်တဲ့ ထုတ်ပြချက်မှာ 5G နက်ဝက် တည်ဆောက်မှု နှောင့်နှေးသွားပြီး သုံးစွဲသူတွေအတွက် စျေးကြီးသွားနိုင်တယ်လို့ ပါရှိပါတယ်။
စလိုဗေးနီးယား နိုင်ငံဟာ အမေရိကန်သမ္မတ ကတော်ရဲ့ မွေးရပ်ဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးအတွက် ပထမဆုံး ခရီးစဉ်ဖြစ်ပါတယ်။ စလိုဗေးနီးယားနိုင်ငံ မတိုင်မီ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟာ ချက်သမ္မတနိုင်ငံကို သွားရောက်ခဲ့ပြီးဖြစ်ပါတယ်။ စလိုဗေးနီးယား ခရီးစဉ်အပြီးမှာ ဩစတြီးယားနဲ့ ပိုလန်နိုင်ငံတွေကို ခရီးဆက်ဖို့ရှိကြောင်း သိရပါတယ်။
MDN
ကိုးကား- AFP