ရန်ကုန် ၁၄ ဩဂုတ်
မြန်မာ့စွယ်စုံကျမ်းများ ပြန်လည်ထုတ်ဝေရေးအတွက် ပုံနှိပ်ရေးနှင့် ထုတ် ဝေရေး ဉီးစီးဌာန စာပေဗိမာန်နှင့် ထွန်းဖောင်ဒေးရှင်းတို့၏ လုပ်ငန်းတာဝန်ခွဲဝေမှုဆိုင်ရာ မူဘောင်သဘောတူညီချက် လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ယနေ့ညနေပိုင်းက ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ် ကုန်သည်လမ်း အမှတ် ( ၅၂၉ / ၅၃၁ ) ရှိ စာပေ ဗိမာန်၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် တက်ရောက်သည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားပြီး ထွန်း ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးသိန်းထွန်းနှင့် ဆရာကြီး စည်သူဒေါက်တာသော်ကောင်းတို့က အမှာ စကားများ ပြောကြားကြသည်။
ထို့နောက် မြန်မာ့စွယ်စုံကျမ်းများ ပြန်လည်ထုတ်ဝေရေးအတွက် လုပ်ငန်းတာဝန် ခွဲဝေရေးဆိုင်ရာ မူဘောင်သဘောတူညီချက်ကို ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဉီးစီးဌာန ခေတ္တ ညွှန်ကြားရေးမှူးချုပ် ဉီးကိုကိုနိုင်နှင့် ထွန်းဖောင်ဒေးရှင်းမှ ဒေါက်တာ တင်လှိုင်တို့က ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ ရှေ့မှောက်၌ လက်မှတ်ရေးထိုးကြပြီး စာချုပ်များကို လဲလှယ်ကြသည်။
(သတင်းစဉ်)