လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် လုပ်ငန်းလိုအပ်ချက်အရ ဝန်ထမ်းများအား ခေါ်ယူ ခန့်ထားနိုင်ရေးအတွက် ပြည်ထောင်စုရာထူးဝန်အဖွဲ့မှတဆင့်သော်လည်းကောင်း၊ ဝန်ကြီးဌာနမှတဆင့် သော်လည်းကောင်း ဝင်ခွင့်စာမေးပွဲများဖြေဆိုစေပြီး ဆောင်ရွက်လျက်ရှိရာ လူပုဂ္ဂိုလ်အချို့မှ အဆိုပါ ခန့်အပ်ရေးဆိုင်ရာ ကိစ္စရပ်များကို အသုံးချပြီး ငွေကြေးလိမ်လည်မှုများ ပြုလုပ်လျက်ရှိကြောင်း စိစစ်တွေ့ရှိရသဖြင့် ဖော်ထုတ်အရေးယူခြင်းဆိုင်ရာ ကိစ္စရပ်များအား ဆောင်ရွက်လျက်ရှိပါသည်။
သို့ဖြစ်ပါ၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသို့ ဝင်ခွင့်စာမေးပွဲများ ဝင်ရောက်ဖြေဆိုမည့် ဝန်ထမ်းလောင်းများအနေဖြင့် အောက်ဖော်ပြပါ ဖုန်းနံပါတ်များသို့ တိုက်ရိုက်ဆက်သွယ်၍ မိမိတို့ အနေဖြင့် သိရှိလိုသည်များ၊ လိုအပ်သည့် အကူအညီတောင်းခံမှုများကို မေးမြန်း၍ ဆောင်ရွက်နိုင် ပါကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်-
Crd… Ministry of Electricity and Energy,Myanmar