မော်လမြိုင်မြို့ ၁၄ ဩဂုတ်
COVID-19 စီးပွားရေးထိခိုက်မှုသက်သာရေးစီမံချက် (CERB) လုပ်ငန်းစဉ်အရ မော်လမြိုင်မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် နိုင်ငံတော်မှ အိမ်ထောင်စု (၁)စုလျှင် ငွေကျပ် (၂)သောင်းနှုန်းဖြင့် ထောက်ပံ့ပေးနိုင်ရေးအတွက် မော်လမြိုင်မြို့၊ စုပေါင်းရုံးခန်းမတွင် ယနေ့ညနေ (၄)နာရီက သက်ဆိုင်ရာ ကျေးရွာ/ ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံ လွှဲပြောင်းပေးအပ်ခဲ့သည်။
ထောက်ပံ့ငွေ ပေးအပ်ပွဲတွင် မော်လမြိုင်မြို့နယ်အုပ်ချုပ်ရေးမှူး ဉီးဝေလင်းထွန်းက အခြေခံလူတန်းစားများ အတွက် ထောက်ပံ့ငွေများကို သက်ဆိုင်ရာ ကျေးရွာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ရသင့်ရထိုက်သည့် အိမ်ထောင်စုများထံ အမြန်ဆုံးရောက်ရှိအောင် ဆောင်ရွက်ပေးကြရန် ပြောကြားသည်။ ဆက်လက်ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်နွယ်နွယ်အောင်က လိုအပ်သည်များ ဆွေးနွေးသည်။
မော်လမြိုင်မြို့နယ်တွင် အိမ်ထောင်စု (၁၄၉၉၇)စုအတွက် ထောက်ပံ့ငွေစုစုပေါင်း ကျပ် (၂၉၉၉၄၀၀၀၀) ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း မော်လမြိုင်မြို့နယ်အုပ်ချုပ်ရေးမှူးထံမှ သိရှိရသည်။
MRTV


