လန်ဒန် ၁၅ ဩဂုတ်
ဗြိတိန်နိုင်ငံ ဘရက်ကလေမြို့ကျန်းမာရေးဆိုင်ရာ အရာရှိ၏ အတည်ပြုချက်အရ ၎င်းမြို့ရှိ အစားအသောက် ထုတ်လုပ်သည့် စက်ရုံတစ်ခုတွင် ဝန်ထမ်းပေါင်း ၃၀၀ ခန့် ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရကြောင်း ဗြိတိန်နိုင်ငံ သတင်းမီဒီယာက ဩဂုတ် ၁၃ ရက်တွင် ဖော်ပြလိုက်သည်။
အစားအသောက်ထုတ်လုပ်သည့် စက်ရုံကိုပိုင်ဆိုင်သည့် ဂရင်းကိုးလ်ကုမ္ပဏီက ဩဂုတ် ၁၃ ရက်တွင် ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် ဝန်ထမ်းများ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသည်ကို အတည်ပြုကြောင်း၊ လက်ရှိအချိန်တွင် ၎င်းဝန်ထမ်းများကို နေအိမ်တွင် သီးသန့်ခွဲခြားနေထိုင်စေကြောင်း ထုတ်ပြန်ဖော်ပြထားသည်။
ဂရင်းကိုးလ်ကုမ္ပဏီက လက်ရှိအချိန်တွင် ကျန်းမာရေးဝန်ကြီးဌာနနှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်မှုပြုလုပ်ပြီး လက်ရှိအခြေအနေတွင် ကုမ္ပဏီအတွင်းရှိ နေရာအားလုံး၌ လူတစ်ဦးနှင့်တစ်ဦးကြား လုံခြုံသည့်အကွာအဝေးတွင် နေထိုင်စေကာ ကိုယ်အပူချိန် တိုင်းခြင်းနှင့် ပိုးသတ်ခြင်းတို့ကို ဆောင်ရွက်နေကြောင်း ထုတ်ပြန်ကြေညာ ထားသည်။ ဗြိတိန်နိုင်ငံရှိ အချို့မြို့များတွင် ရောဂါကူးစက်မှုများ ပြန်လည်မြင့်တက်လာသဖြင့် တင်းကျပ်သည့် ရောဂါကာကွယ် ထိန်းချုပ်ရေးကန့်သတ်ချက်များကို ပြန်လည်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆင်ဟွာ