ဝါရှင်တန် ၁၅ ဩဂုတ်
ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၇၅၉၈၄၄ ဦးကျော်အထိ ရောက်ရှိလာကြောင်း အမေရိကန်ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ဩဂုတ် ၁၃ ရက် ထုတ်ပြန်ချက်အရ သိရသည်။
ထုတ်ပြန်ကြေညာချက်အရ ဩဂုတ် ၁၄ ရက်အထိ ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၇၅၉၈၄၄ ဦးအထိ ရောက်ရှိလာခဲ့ပြီး ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၂၀၉၃၆၀၄၁ ဦးအထိ ရောက်လာကြောင်း သိရသည်။
ထို့အပြင် ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ထုတ်ပြန်ကြေညာချက်တွင် ကမ္ဘာပေါ်၌ ကိုဗစ်-၁၉ ရောဂါအဆိုးဆုံး ဖြစ်ပွားသည့်နိုင်ငံမှာ အမေရိကန်နိုင်ငံဖြစ်ပြီး ကူးစက်ခံရသူပေါင်း ၅၂၅၄၁၇၁ ဦးအထိရှိကာ သေဆုံးသူ ၁၆၇၂၄၂ ဦးအထိ ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ကြောင့် သေဆုံးမှုများပြားလာသည့် အခြားနိုင်ငံများမှာ ဘရာဇီး၊ မက္ကဆီကို၊ အိန္ဒိယနှင့် ဗြိတိန်နိုင်ငံတို့ဖြစ်ကြောင်း သိရသည်။ ဂျွန်ဟော့ကင်းတက္ကသိုလ်မှ ထုတ်ပြန်ကြေညာသည့် စာရင်းများသည် ကမ္ဘာ့နိုင်ငံအသီးသီးရှိ စာရင်းများကို စုပေါင်းထုတ်ပြန်ခြင်းဖြစ်သည်။
ဆင်ဟွာ