မိုင်းလုံ  ၁၅  ဩဂုတ်

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင် မိုင်းလုံမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်တွင် ယမန်နေ့မွန်းလွဲ (၃)နာရီက ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး အချက်အလက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် ပြသဆောင်ရွက်ခဲ့သည်။

 

ထိုသို့ပြသဆောင်ရွက်ရာတွင် ရပ်ကွက်၊ ကျေးရွာရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများ၌ အသိပေး ကြေညာထားသည့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသော မဲဆန္ဒရှင်စာရင်းများ ကြည့်ရှုစေရေး နှိုးဆော်ချက်များ၊ မကြာခဏ မေးလေ့မေးထရှိသော မဲဆန္ဒရှင်စာရင်းဆိုင်ရာ မေးခွန်းနှင့်အဖြေများ၊ မိမိအမည်မတွေ့လျှင် ပုံစံ(၃)၊ မဲစာရင်းပါနေသူတစ်ဦးဦးကို ကန့်ကွက်ချင်လျှင် ပုံစံ(၄)၊ မဲစာရင်းပါနေသည့် အချက်အလက်ကို ပြင်ဆင်ချင်လျှင် ပုံစံ(၄-ဂ)နှင့် မဲစာရင်းကပ်ထားမည့် နေရာ/အချိန်ကာလ တို့ကို အကျယ်တဝင့် ပြသထားကြောင်း သတင်းရရှိသည်။

စန္ဒာ(ပြန်/ဆက်)