ကန့်ဘလူ ၁၅ ဩဂုတ်
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ဩဂုတ် ၁၅ ရက် နံနက်ပိုင်းကစတင်၍ မဲဆန္ဒရှင်စာရင်းများ ထည့်သွင်း၊ ပြင်ဆင်၊ ဖြည့်စွက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာရာတွင် ပုံစံ-၃၊ ပုံစံ-၄၊ ပုံစံ-၄-ဂ များဖြင့် တောင်းဆိုမှုများအား မြို့နယ်မဲဆန္ဒစာရင်း စိစစ်ရေးလုပ်ငန်းကော်မတီဝင်များနှင့် ရပ်ကွက် / ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ / အတွင်းရေးမှူးများ ပူးပေါင်း၍ မဲဆန္ဒရှင်စာရင်းများ ထည့်သွင်း၊ ပြင်ဆင်၊ ဖြည့်စွက်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ စာရင်းများအား ဩဂုတ် ၁၅ ရက်မှ ၂၁ ရက်နေ့အထိ တစ်ပတ်အတွင်း အပြီးဆောင်ရွက်သွားမည်ဟု မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)