ထီးလင်း ၁၅ ဩဂုတ်
မိုးရာသီတွင် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါနှင့် ခြင်ကြောင့် ဖြစ်ပွားတတ်သည့် အခြားရောဂါများ ကြိုတင်ကာကွယ်ရေး ကျန်းမာရေး အသိပညာပေးခြင်းကို ယမန်နေ့က ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် တင်းချောင်းကျေးရွာတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်းသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သူနာပြု ဆရာမကြီး ဒေါ်ဝင်းဋ္ဌေးနှင့် ဝန်ထမ်းများ၊ ထီးလင်းမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ဒုတိယ မြို့နယ်တပ်ဖွဲ့မှူး ခင်ဇာလင်းနှင့် တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့တို့က သွေးလွန်တုပ်ကွေးရောဂါအကြောင်းနှင့် ခြင်ကြောင့် ဖြစ်ပွားတတ်သော ရောဂါများ ကြိုတင်ကာကွယ် နှိမ်နင်းရေး အသိပညာပေးဟောပြောခြင်း၊ အဘိတ်ဆေးခတ်ခြင်းနှင့် ပိုးလောက်လန်းများ ရှာဖွေနှိမ်နင်းခြင်း စသည့်ကျန်းမာရေးဆိုင်ရာ ပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အောင်စည်(ပြန်/ဆက်)