ထန်ပါခွေ  ၁၅  ဩဂုတ်

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၌ ဩဂုတ် ၁၅ ရက်နံနက်ပိုင်းက စိုက်ပျိုးရေးဦးစီးဌာနနှင့် တောင်သူများပူးပေါင်းကာ ဒေသခံပြည်သူများ၏ တောင်ယာစပါး စိုက်ခင်းများတွင် ကြွက်ကာကွယ်နှိမ်နင်းခြင်းလုပ်ငန်းများ စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထန်ပါခွေမြို့တွင် ယနေ့အထိ တောင်ယာစပါး (၁၃၂၁) ဧက စိုက်ပျိုးပြီးဖြစ်ရာ တောင်ယာစပါး စိုက်ခင်းများတွင် သီးညှပ်အဖြစ် စိုက်ပျိုးထားသော အစေ့ထုတ်ပြောင်းသီးနှံတွင် ကြွက်စားသည့် လက္ခဏာများ စတင်တွေ့ရှိရသည့်အတွက် စပါးခင်းများတွင် ကြွက်ဖျက်ဆီးမှု မရှိစေရန် မန္တလာ-၂ ကြွက်သတ်ဆေးချခြင်းနှင့် ကြွက်ထောင်ချောက်တပ်ဆင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ထန်ပါခွေမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

ကြွက်မ တစ်ကောင်သည် စပါးတစ်ရာသီတွင် ၆၄ ကောင်နှုန်းပေါက်ဖွားနိုင်သည့်အတွက် ကြွက်ဖျက်ဆီး သည့် လက္ခဏာ စတွေ့တွေ့ခြင်း နှိမ်နင်းရခြင်းဖြစ်ကြောင်း၊ စပါးနှံထွက်သည့်အချိန်တွင် ကြွက်ဖျက်ဆီး လျှင် စပါးအထွက်နှုန်း ဆုံးရှုံးနိုင်သည့်အတွက် ယခုအပင်ပွားများသည့်အချိန်တွင် ကြိုတင်ကာကွယ် နှိမ်နင်းရခြင်းဖြစ်ကြောင်း ထန်ပါခွေမြို့ စိုက်ပျိုးရေးဦးစီးမှူး ဦးဝေမင်းဦးက ပြောသည်။

ဟန်ထွန်း(အင်းဝ)