ရွှေကူ ၁၅ သြဂုတ်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့ယုံကြည်ရာ ပရဟိတအသင်းမှဦးဆောင်၍ ဖိနပ်ချုပ်နည်း၊ ဆပ်ပြာရည်ပြုလုပ်နည်းနှင့် ဖယောင်းတိုင်ပြုလုပ်နည်း သင်တန်းကို ယနေ့နံနက် ၁၁ နာရီတွင် ​ရွှေဂဲကုန်းရပ်၊ လှရိပ်မြုံအိမ်၌ ကျင်းပပြုလုပ်ခဲ့သည်။

 

ရှေးဦးစွာ ယုံကြည်ရာပရဟိတအသင်းဥက္ကဋ္ဌ ဦးသန်းနိုင်က ကိုဗစ်−၁၉ ကာလအတွင်း မိမိအိမ်၌အပို ဝင်ငွေရရှိရန် ရည်ရွယ်၍ ဖိနပ်ချုပ်နည်း၊ ဆပ်ပြာရည်ပြုလုပ်နည်းနှင့် ဖယောင်းတိုင်ပြုလုပ်နည်း သင်တန်းကို ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း ပြောကြားပြီး သင်တန်းနည်းပြဆရာမ ဒေါ်နီနီအောင်က သင်တန်းနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့သည်။

 

အဆိုပါ ဖိနပ်ချုပ်နည်း၊ ဆပ်ပြာရည်ပြုလုပ်နည်းနှင့် ဖယောင်းတိုင်ပြုလုပ်နည်းသင်တန်းကို ရွှေကူမြို့နယ်အတွင်းရှိ ဝါသနာပါသူ သင်တန်းသူ(၂၀) တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ သြဂုတ်လ ၁၅ ရက်မှ ၁၆ ရက်ထိ ၂ ရက်ကြာ လက်တွေ့သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သန်းနိုင်စိုး(ပြန်/ဆက်)