ရန်ကုန်  ၁၅  သြဂုတ် 

 

ထိုင်းနိုင်ငံ၌ သြဂုတ် ၂၈ ရက်တွင် ကျင်းပမည့် World Lethwei Championship  လက်ဝှေ့ပြိုင်ပွဲတွင် မြန်မာမှ ကစားသမားများ ၀င်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါပြိုင်ပွဲတွင် အမျိုးသမီးဘင်တန်ဝိတ် (၅၁ - ၅၄ ကီလို) ကမ္ဘာ့ချန်ပီယံလုပွဲ ငါးချီပြိုင်ပွဲတွင် ဆိုရိစ်မန်ဖရက်ဒီ (ပြင်သစ်)နှင့် မိုင်ရှာကက်ဇ် (စပိန်)၊ ဘင်တန်ဝိတ် (၅၁ - ၅၄ ကီလို) ငါးချီပြိုင်ပွဲတွင် စိုးမင်းအောင်(မြန်မာ) နှင့် အာသာတီ(ဥဇဘက်ကစ္စတန်)၊ မစ်ဒယ်ဝိတ် (၇၁ - ၇၅ ကီလို) ငါးချီပြိုင်ပွဲတွင် ခရစ္စတော့ဖ်ကက်ရှ် (ဂျာမနီ) နှင့် ဂလီဂေါစတိုယာနော့ဗ် (ဆွစ်ဇာလန်)၊ ဘင်တန်ဝိတ် (၅၁ - ၅၄ ကီလို) ငါးချီပြိုင်ပွဲတွင် စောဖိုးခွား (မြန်မာ) နှင့် နဘီးလ်အန်နန် (အယ်လ်ဂျီးရီးယား)၊ လိုက်ဝယ်လ်တာဝိတ် (၆၉-၆၃.၅ ကီလို)ငါးချီပြိုင်ပွဲတွင် နာခါ (မြန်မာ)နှင့် ရှားဇော့ဒ်ကာဘူတော့ဗ်(ကာဂျစ်စတန်)၊ ဝယ်လ်တာဝိတ်(၆၃.၅-၆၇  ကီလို) ငါးချီပြိုင်ပွဲတွင် တော့ဖ်ဖစ်အဗ္ဗဒူ လာယက်(ဂျော်ဂျီယာ) နှင့် အိုမာမဟီရာ (ဘယ်လ်ဂျီယံ)၊ ဖယ်သာဝိတ် (၅၄ - ၅၇ ကီလို) ငါး ချီပြိုင်ပွဲတွင် နာမိုဟာမက် (ဥဇဘက်ကစ္စတန်) နှင့် မစ်ဂ်မားဆရန်ဘိုခူး (မွန်ဂိုလီးယား)တို့ ယှဉ်ပြိုင်ထိုးသတ်ကြမည်ဖြစ်သည်။ 

 

ယင်းပြိုင်ပွဲကို CANAL+UFC Fight PASS လိုင်းမှ မြန်မာစံတော်ချိန် ၆ နာရီခွဲတွင် တိုက်ရိုက်ထုတ်လွင့်ပြသသွား မည်ဖြစ်ကြောင်း သိရသည်။

 

အာကာစိုး