ဖားကန့်  ၁၅   ဩဂုတ် 

 

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု ဆိုင်းရာရွာသစ်ကျေးရွာ အနောက်ဘက် ကျေးရွာချင်းဆက် ရွာလမ်းအဝင်ရှိ တစ်သုံးလုံးကုမ္ပဏီလုပ်ကွက်ဟောင်းအနီးတွင်  ယနေ့    နံနက် ၇ နာရီက လမ်းမြေပြိုကျမှုဖြစ်ပွားခဲ့၍  ယာယီပိတ်ထားရကြောင်း ကျေးရွာတာဝန်ရှိသူတစ်ဉီးက ပြောသည်။

 

အဆိုပါလမ်းမြေပြိုကျသည့် နေရာအထက်ဘက် ပေ(၅၀၀)ခန့်အကွာတွင် အလျား ပေ (၁၀၀)ခန့်နှင့် လမ်းအကျယ် ပေ(၃၀)ခန့် မှာ အနီးရှိသော တစ်သုံးလုံးကုမ္ပဏီလုပ်ကွက်ဟောင်းဘက်သို့ ပြိုကျမှုဖြစ်ပွားခဲ့ပြီး လမ်းပြိုကျမှုကြောင့် ယာယီပိတ်ထားရကြောင်း လုံးခင်းကျေးရွာအုပ်စု ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။

 

နီတိုး