ရန်ကုန် ၁၅ ဩဂုတ်
Uk aid ရန်ပုံငွေဖြင့် မြန်မာဝိုင်အမ်စီအေနှင့် Y Care International တို့ ပူးပေါင်းပြီး တောင်ကြီး ဝိုင်အမ်စီအေက ကိုဗစ်ကာလဝင်ငွေ နည်းပါးသည့် လူငယ်စီးပွားရေးအဖွဲ့များကို အသေးစားလုပ်ငန်း မတည်ငွေပေးအပ်ပွဲကို ဩဂုတ် ၁၄ ရက်က တောင်ကြီးမြို့ ဝိုင်အမ်စီအေခန်းမဆောင်အသစ်၌ ကျန်းမားရေးနှင့် အားကစားဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် စည်းကမ်းချက်များအတိုင်း ကျင်းပသည်။
အခမ်းအနားသို့ တောင်ကြီးဝိုင်အမ်စီအေ၏ တွဲဘက်ဘဏ္ဍထိန်းဉီးခင်မောင်လတ်၊ အထွေထွေအတွင်းရေးမှူး နော်ဘလူးနာ၊ စီမံကိန်းမှ တာဝန်ရှိဝန်ထမ်းများ၊ လူငယ်များ၏ အုပ်ထိန်းသူများ၊လူငယ်စီးပွားရေးအဖွဲ့ (၁၀) ဖွဲ့မှ လူငယ်များ၊ မသန်စွမ်းလုပ်ငန်းရှင် (၃)ဦး၊ သာမန်လူငယ်လုပ်ငန်းရှင်(၃)ဦး နှင့် ဖိတ်ကြားထားသူများ တက်ရာက်ကြသည်။
အခမ်းအနားတွင် ကိုဗစ်ကာလ ဝင်ငွေနည်းပါးသည့် လူငယ်စီးပွားရေးအဖွဲ့များကို အထောက်အပံ့ဖြစ်စေရန် အသေးစားလုပ်ငန်းမတည်ငွေ ငွေကျပ်(၃၃)သိန်း (၁)သောင်းကျပ် ထောက်ပံ့ပေးအပ်ခဲ့သည်။
မြန်မာဝိုင်အမ်စီအေ၏ စီစဉ်မှုဖြင့် ကိုဗစ်ကာလဝင်ငွေနည်းပါးသည့် လူငယ်စီးပွားရေးအဖွဲ့များအား အသေးစားလုပ်ငန်းမတည်ငွေများကို မအူပင် ဝိုင်အမ်စီအေ၊ လားရှိုး ဝိုင်အမ်စီ၊ မုံရွာ ဝိုင်အမ်စီအေနှင့် တောင်ကြီး ဝိုင်အမ်စီအေတို့ထံ အသေးစားလုပ်ငန်းမတည်ငွေကျပ် သိန်း(၁၉၀)ကျော်ကို ဩဂုတ် ၁၂ ရက်မှ ၁၅ ရက်အထိ ပေးအပ်ခဲ့ကြောင်း မြန်မာဝိုင်အမ်စီအေမှ သိရသည်။
(သတင်းစဉ်)