နေပြည်တော်  ၁၅  ဩဂုတ် 

 

ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်အတွင်း၌ ဩဂုတ် ၁၄ ရက် နံနက် ၁၀ နာရီက ရွှေလောင်းမြစ်ရေ တိုက်စားပြီး မြစ်ကမ်းပါးပြိုကျမှုကြောင့် အထက်ပေကုန်းကျေးရွာ၌ အိမ်ထောင်စု ၇ စု၊ လူဦးရေ ၃၇ ဦးတို့သည် အဆိုပါကျေးရွာအတွင်းရှိ ဆွေမျိုးများနေအိမ်သို့ ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း၊

 

အလားတူ မအူပင်မြို့နယ်အတွင်း၌ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်က တိုးမြစ်ရေတိုက်စားမှုကြောင့် တောင်တန်း ကျေးရွာ၌ အိမ်ထောင်စု ၁၁ စု၊ လူဦးရေ ၄၅ ဦးတို့သည် အဆိုပါကျေးရွာအတွင်းရှိ ဆွေမျိုးများနေအိမ်သို့ ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း၊

 

ကန်ကြီးထောင့်မြို့နယ်အတွင်း၌ ညနေ ၃ နာရီ  မိနစ် ၅၀ က မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် (၅)ရပ်ကွက်၌ နေအိမ် ၁ လုံး သစ်ပင်ပိမိပျက်စီးဆုံးရှုံးခဲ့ပြီး လူ၊ တိရစ္ဆာန် ထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်း။ သာပေါင်းမြို့နယ်အတွင်း၌ ညနေ ၃ နာရီ  မိနစ် ၅၀ က မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် သောင်ကြားကျေးရွာ၌ ခရစ်ယာန်ဘုရားကျောင်း ၁ ကျောင်း အမိုးလန်ပျက်စီး ဆုံးရှုံးခဲ့ပြီး လူ၊ တိရစ္ဆာန် ထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်း သိရသည်။

 

ထို့အတူ အင်္ဂပူမြို့နယ်အတွင်း၌ ညနေ ၄ နာရီက မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ငှက်ပျောတောကျေးရွာ၌ နေအိမ် ၂ လုံး အမိုးလန်ပျက်စီးပြီး နေအိမ် ၁ လုံး သစ်ပင်ပိမိပျက်စီးဆုံးရှုံးခဲ့ကြောင်း ရဲပြန်ကြားမှ သတင်း ရရှိသည်။

 

(သတင်းစဉ်)