မြဝတီ ၁၅  သြဂုတ်

မြဝတီမြို့ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ်(၂)ဂိတ်မှတစ်ဆင့် ထိုင်းနိုင်ငံမှခရိုင်ဒေသ အသီးသီးမှ မြန်မာရွှေ့ပြောင်းအလုပ်သမားများသည်ယနေ့ နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ မိမိအစီအစဉ်များဖြင့် ပြန်လည်ဝင်ရောက်လာရာ အမျိုးသား(၁၉၈)ဦးနှင့် အမျိုးသမီး(၁၁၃)ဦး စုစုပေါင်း(၃၁၁)ဦးဖြစ်သည်။

အများစုမှာ ကိုယ်ဝန်ဆောင်သူများ၊ ကျောင်းပြန်တက်ရမည့် ကလေးငယ်များ၊ အကြောင်းအမျိုးမျိုးကြောင့် စက်ရုံလုပ်ငန်းများ ကာလရှည်သွာပိတ်ထားသဖြင့် အလုပ်နည်းပါးလာသောကြောင့် ပြန်လာကြသော သူများဖြစ်ကြောင်း သိရှိရသည်။

ယင်းပြန်ဝင်ရောက်လာသောသူများအား မြဝတီခရိုင် တာဝန်ရှိသူများက ထိုင်းနယ်စပ်ဂိတ် မဲဆောက်ဘက်ခြမ်းသို့ သွားရောက်ကြိုဆို ခဲ့ကြပြီး သက်ဆိုင်ရာဒေသအသီးသီး Quarantine Center သို့ စီစဉ်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

#MRTV