ရွှေသောင်ယံ ၁၆ ဩဂုတ်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အမှတ်(၁)ရပ်ကွက် ရောင်နီဦးလမ်းတွင် ပေ ၃၀၀ အရှည် ကွန်ကရစ်ခင်းခြင်းကို EMERALD DELTA COMPANY LIMITED မှ တာဝန်ယူ ဆောင်လျက်ရှိကြောင်း သိရသည်။
အဆိုပါလမ်းကို ရွှေသောင်ယံမြို့ စည်ပင်သာယာရေးကော်မတီမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ရန်ပုံငွေဖြင့် တည်ဆောက်ပြီး လမ်းအရှည် ပေ ၃၀၀၊ အကျယ် ၁၄ ပေ၊ ထု ၈ လက်မရှိကာ လုပ်ငန်းတန်ဖိုးငွေကျပ် ၁၂၆၀၆၀၀၀ ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုကိုမောင် (ပြန်/ဆက်)