မြန်အောင် ၁၆ ဩဂုတ်
မြန်အောင်မြို့နယ် မျှင်ဝါးတောင်ကြိုးဝိုင်း အကွက်အမှတ်(၅၉)၊ ကျွန်းစိုက်ခင်းဟောင်းအတွင်း ဩဂုတ် ၁၅ ရက်က တောဆင်ရိုင်း(ဟိုင်းဆင်) တစ်ကောင် ဝင်ရောက်နေကြောင်း ဒေသခံများ၏ ဆက်သွယ်သတင်းပေးမှုကြောင့် မြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးအောင်မျိုး ခေါင်းဆောင်သော သစ်တော၀န်ထမ်းများ၊ သစ်တောရဲတပ်ကြပ်ကြီး ရာဇာသူနှင့် တပ်ဖွဲ့၀င်များ၊ အင်ပင်နယ်မြေရဲစခန်းမှ တပ်ကြပ်ကြီး ကျော်၀င်းလှိုင်နှင့် တပ်ဖွဲ့၀င်များ၊ ဆင်အုပ် ဦးဟန်ညွန့် EERU(MTE)၊ ဆင်ခေါင်း၊ ဆင်ဦးစီးများနှင့် ကြိုးဝိုင်းအနီးမှ ဒေသခံပြည်သူများက စုပေါင်းခြောက်လှန့် မောင်းထုတ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ တောဆင်ရိုင်း၀င်ရောက်မှုကြောင့် ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရသည်။
ထွန်းဇော်ထွန်း(ပြန်/ဆက်)