ကျော ၁၆ သြဂုတ်

 

ဂန့်ဂေါမြို့နယ် ပုံတောင်ပုံညာဒေသရှိ ကျောမြို့တွင် မိုးဦးကာလ မိုးကောင်းစွာရရှိသဖြင့် ယခုနှစ် မိုးစပါးကို ကွင်းအားလုံးနီးပါး စိုက်ပျိုးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

"အရင်နှစ်က မိုးခေါင်တော့ လယ်တွေ စိုက်ပျိုးရေမရလို့ တချို့ စပါးမစိုက်နိုင်ခဲ့ဘဲ အခြားသီးနှံစိုက်ခဲ့ရတာတွေ ရှိတယ်။ ဒီနှစ်တော့ မိုးဦးကောင်းပြီး လယ်တွေ စိုက်ပျိုးရေရတော့ ကွင်းအားလုံးနီးပါး မိုးစပါးကို စိုက်ပျိုးပြီးပါပြီ" ဟု ကျောမြို့ အမှတ်(၂) ရပ်ကွက်မှ တောင်သူတစ်ဦးက ပြောသည်။

 

အဆိုပါစိုက်ပျိုးထားသော မိုးစပါးစိုက်ခင်းများတွင် ပိုးမွှားရောဂါ ကျရောက်မှုအခြေအနေများကို သိရှိနိုင်ရန် ဂန့်ဂေါမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးမြင့်ဇော်၊ မြို့နယ်သီးနှံကာကွယ်ရေး တာဝန်ခံ လက်ထောက်ဦးစီးမှူး ဦးသူရဇော်နှင့် ဝန်ထမ်းများသည် ဩဂုတ် ၁၅ ရက်က ကွင်းဆင်း ကင်းထောက်စစ်ဆေးပြီး တောင်သူများနှင့်တွေ့ဆုံကာ ပိုးမွှားရောဂါစနစ်တကျ ကာကွယ်နှိမ်နင်းနည်းများကို ပညာပေးဆွေးနွေးကြကြောင်း သိရသည်။

 

ကျော်သန်းဆွေ

 

mdn