ရန်ကုန်   ၁၆  သြဂုတ် 

ကမ္ဘာ့နိုင်ငံအနှံ့အပြားတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကြောင့် Stay Home ကာလအတွင်း ဂိမ်းကစားခြင်းနှင့် E-sports Industry အပေါ် ပိုမိုစိတ်ဝင်စားမှုများ ဖြစ်ပေါ်လာခဲ့ပြီး မြန်မာနိုင်ငံတွင်လည်း  ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း PUBG MOBILE၊ DOTA 2၊ League of Legends စသည့်  PC Game များ၊ Mobile Game များကို ဆော့ကစားသူများ ပိုမို များပြားလာမှုနှင့် အတူ Esports Industry အပေါ် စိတ်ဝင်စားမှုမှာလည်း တစ်ရှိန်ထိုး မြင့်မားလာခဲ့ကြောင်း သိရသည်။ 

 

ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း မြန်မာနိုင်ငံတွင် အွန်လိုင်းဂိမ်းကစားသူ ဦးရေမှာ နှစ်သောင်း ကျော်ခန့်ထိ တိုးလာခဲ့ကာ Esports Industry တွင်လည်း နှစ်စဉ်နှစ်တိုင်း ၁၀၀ ရာခိုင်နှုန်းအထိ ဂိမ်းကစားသူများ တိုးတက်လာကြောင်း သိရသည်။ 

 

မြန်မာနိုင်ငံ၏ Esports တွင် နေရာတစ်ခု အခိုင်အမာရရှိထားသော PUBG MOBILE (PlayerUnknown’s Battlegrounds Mobile ဂိမ်းကစားသူများတွင် ယောက်ျားလေးများသာမက မိန်းကလေးများလည်း ပိုမိုပါဝင်လာကြပြီး မိန်းကလေး  ၂၀ ရာခိုင်နှုန်းနှင့် ယောက်ျားလေး ၈၀ ရာခိုင်နှုန်း ဝင်ရောက် ကစားခဲ့ကြသည်။

 

ထို့ပြင် Esports အသင်းများလည်း အများအပြား ပေါ်ပေါက်လာခဲ့ပြီး နောက်ဆုံးကျင်းပခဲ့သော PUBG Mibile Myanmar Championship ပြိင်ပွဲတွင် အသင်းပေါင်း ၁,၂၀၀ ကျော် စာရင်းပေးသွင်းခဲ့ကာ ရန်ကုန်မှ ၃၅ ရာခိုင်နှုန်း၊ မန္တလေးမှ ၂၅ ရာခိုင်နှုန်းနှင့် ကျန်ရာခိုင်နှုန်းများမှာ အခြားမြို့များမှ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ 

 

PUBG သည် မြန်မာနိုင်ငံ Gamer များအတွက် ဒေသတွင်း ပြိင်ပွဲများသာမက နိုင်ငံတကာအထိ တက်ရောက် နိုင်မည့် ပြိုင်ပွဲများလည်း ကျင်းပပေးလျက်ရှိရာ အရှေ့တောင်အာရှဒေသအတွင်း PUBG MOBILE ၏ အကြီးမားဆုံး နိုင်ငံတကာအဆင့် ပြိုင်ပွဲကြီးများ ဖြစ်သည့် PMCO (PUBG MOBILE Club Opens) SEA Final ၊ PMPL (PUBG Mobile Pro League) စသည့် ပြိုင်ပွဲများတွင် အခြားနိုင်ငံ လက်ရွေးစင် အသင်းများနှင့် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ပြိုင်ပွဲများ ကျင်းပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။ 

 

“မြန်မာနိုင်ငံက အသင်းတွေက ဒီနှစ်တွေအတွင်း အရမ်းတိုးတက်လာတာကို အားရဖွယ် မြင်တွေ့ခဲ့ရပါ တယ်။ မြန်မာနိုင်ငံ လက်‌‌ရွေးစင်အသင်းအတွက် ဒီနှစ်ကစပြီး SEA Qualifiers မှာ Direct Spot ကို ပေးသွား =မှာပါ။ နိုင်ငံတကာနဲ့ ရင်ဘောင်တန်း ယှဉ်ပြိုင်နိုင်ဖို့ကို  Professional Tournaments တွေ ကို  ပါဝင်တက်လှမ်းနိုင်စေမယ့် အခြေခံ ပြိုင်ပွဲတွေလည်း အများကြီး ကျင်းပပေးဖို့ အစီအစဉ် ရှိပါတယ်။ နိုင်ငံတကာအဆင့် ပွဲတွေမှာလည်း အရင်နှစ်တွေကလို ကောင်းမွန်တဲ့ ရလဒ်တွေ ရယူလာနိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု PUBG MOBILE မှ Mr. Andrew Manugian က ပြောကြားခဲ့သည်။

အာကာလင်း