ရန်ကုန် ၁၇ ဩဂုတ်
ကမ္ဘာ့နိုင်ငံအနှံ့အပြားတွင် ကိုဗစ်-၁၉ ဖြစ်ပွားမှုကြောင့် Stay Home ကာလအတွင်း ဂိမ်းကစား ခြင်းနှင့် Esports Industry အပေါ် ပိုမိုစိတ်ဝင်စားမှု များ ဖြစ်ပေါ်လာခဲ့ပြီး မြန်မာနိုင်ငံတွင်လည်း ကိုဗစ်-၁၉ ကာလအတွင်း PUBG MOBILE I DOTA 21 League of Legends owop PC Game op: Mobile Game များကို ဆော့ကစားသူများ ပိုမို များပြားလာမှုနှင့်အတူ Esports Industry အပေါ် စိတ်ဝင်စားမှုမှာလည်း တစ်ရှိန်ထိုး မြင့်မားလာခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ကာလအတွင်း မြန်မာနိုင်ငံတွင် အွန်လိုင်းဂိမ်းကစားသူဦးရေမှာ ၂၀၀၀၀ ကျော်ခန့်အထိ တိုးလာခဲ့ကာ Esports Industry တွင်လည်း နှစ်စဉ်နှစ်တိုင်း ၁၀၀ ရာခိုင်နှုန်းအထိ ဂိမ်းကစားသူများ တိုးတက်လာကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ Esports တွင် နေရာတစ်ခု အခိုင်အမာရရှိထားသော PUBG MOBILE (Player Unknown's Battlegrounds Mobile) ဂိမ်းကစားသူများတွင် အမျိုးသားများသာမက အမျိုးသမီးများလည်း ပိုမိုပါဝင်လာကြပြီး အမျိုးသမီး ၂၀ ရာခိုင်နှုန်းနှင့် အမျိုးသား ၈၀ ရာခိုင်နှုန်း ဝင်ရောက်ကစားခဲ့ကြသည်။ ထို့ပြင် Esports အသင်းများလည်း အများအပြားပေါ်ပေါက်လာခဲ့ပြီး နောက်ဆုံးကျင်းပခဲ့သော PUBG Mobile Myanmar Championship ပြိုင်ပွဲတွင် အသင်းပေါင်း ၁၂၀၀ ကျော် စာရင်းပေးသွင်းခဲ့ကာ ရန်ကုန်မှ ၃၅ ရာခိုင်နှုန်း၊ မန္တလေးမှ ၂၅ ရာခိုင်နှုန်းနှင့် ကျန်ရာခိုင်နှုန်းများမှာ အခြားမြို့များမှ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
PUBG သည် မြန်မာနိုင်ငံ Gamer များအတွက် ဒေသတွင်း ပြိုင်ပွဲများသာမက နိုင်ငံတကာအထိ တက်ရောက်နိုင်မည့် ပြိုင်ပွဲများလည်း ကျင်းပ | ပေးလျက်ရှိရာ အရှေ့တောင်အာရှဒေသအတွင်း PUBG MOBILE ၏အကြီးမားဆုံး နိုင်ငံတကာအဆင့် ပြိုင်ပွဲကြီးများဖြစ်သည့် PMCo (PUBG MOBILE Club Opens) SEA Final 1 PMPL (PUBG MobilePro League) စသည့် ပြိုင်ပွဲများတွင် အခြားနိုင်ငံလက်ရွေးစင်အသင်းများနှင့် ဝင်ရောက်ယှဉ်ပြိုင် နိုင်ရန် ပြိုင်ပွဲများ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
“မြန်မာနိုင်ငံက အသင်းတွေက ဒီနှစ်အတွင်း တိုးတက်လာတာကို အားရဖွယ် မြင်တွေ့ခဲ့ရပါတယ်။ မြန်မာနိုင်ငံ လက်ရွေးစင်အသင်းအတွက် Sadimolg: SEA Qualifiers 95 Direct Spot ကို ပေးသွားမှာပါ။ နိုင်ငံတကာနဲ့ ရင်ပေါင်တန်း ယှဉ်ပြိုင်နိုင်ဖို့ Professional Tournaments တွေကို ပါဝင်တက်လှမ်းနိုင်စေမယ့် အခြေခံပြိုင်ပွဲ တွေလည်း အများကြီးကျင်းပပေးဖို့ အစီအစဉ် ရှိပါတယ်။ နိုင်ငံတကာအဆင့် ပွဲတွေမှာလည်း အရင်နှစ်တွေကလို ကောင်းမွန်တဲ့ရလဒ်တွေ ရယူလာနိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု PUBG MOBILE Mr. Andrew Manugian က ပြောကြားသည်။
အာကာလင်း