ပဲခူး ၁၇ ဩဂုတ်

 

ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့နယ် သနပ်ပင်ငါးလုပ်ငန်းစခန်းတွင် ဩဂုတ် ၁၇ ရက် နံနက် ၈ နာရီခွဲက COVID-19 အလွန် ငါးမွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ ပြန်လည်ဦးမော့လာစေရေးအတွက် နိုင်ငံတော် အစိုးရမှ COVID-19 Economic Relief Plan ပါ Action Plan အရ ပဲခူးမြို့နယ်နှင့် သနပ်ပင်မြို့နယ် အတွင်းရှိ ငါးမွေးတောင်သူများထံ ငါးသားပေါက်များ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။

 

ရှေးဦးစွာ ပဲခူးခရိုင်ငါးလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဇော်မြင့်နိုင်က COVID-19 Economic Relief Planပါ Action Plan အရ ပဲခူးမြို့နယ်အတွင်းရှိ ငါးမွေးတောင်သူများအတွက် (ဒုတိယအကြိမ်) နှင့် သနပ်ပင်မြို့နယ် အတွင်းရှိ ငါးမွေးတောင်သူများအတွက် (တတိယအကြိမ်) ငါးသားပေါက်များ ထောက်ပံ့ပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 

mdn

 

ထို့နောက် ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ် အတွင်းရေးမှူးဦးအောင်မောင်း၊ ပဲခူးခရိုင် ငါးလုပ်ငန်း ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဇော်မြင့်နိုင်၊ ပဲခူးခရိုင်စီမံကိန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးသန့်ဇင်ထွန်း၊ သနပ်ပင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်မင်းထွန်းနှင့် ဌာနဆိုင်ရာအကြီးအကဲများက ငါးမွေးတောင်သူများထံ ငါးမြစ်ချင်းငါးသောက်များအား ထောက်ပံ့ပေးအပ်ခဲ့ကြပြီး ငါးမွေးတောင်သူ တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

 

အခမ်းအနားတွင် ပဲခူးမြို့နယ်အတွင်းရှိ ငါးမွေးတောင်သူများအတွက် (ဒုတိယအကြိမ်) ငါးမြစ်ချင်း ငါးသားပေါက် ကောင်ရေ(၅)သိန်း၊ သနပ်ပင်မြို့နယ်အတွင်းရှိ ငါးမွေးတောင်သူများအတွက် (တတိယအကြိမ်) ငါးမြစ်ချင်းငါးသားပေါက် ကောင်ရေ(၅)သိန်း ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။

 

ပဲခူးခရိုင် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် COVID-19 Economic Relief Plan ပါ Action Plan အရ ခရိုင်အတွင်းရှိ မြို့နယ်(၈)မြို့နယ်မှ ငါးမွေးတောင်သူများ၏ ငါးမွေးဧရိယာ ၆၈၂၈ ဒသမ ၂၃ ဧကအတွက် တစ်ဧကလျှင် ငါးသားပေါက်ကောင်ရေ (၂၀ဝ၀) နှုန်းဖြင့် ငါးသားပေါက်အကောင်ရေ (၁၃၆၅၆၄၆၀)ကောင်အား ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

တင်စိုး(ပဲခူး)