ကွန်ဟိန်း ၁၇ ဩဂုတ်

 

ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၌ Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေးခြင်းအား ဩဂုတ် ၁၇ ရက် နံနက်ပိုင်းတွင် မြို့နယ်စာရင်းစစ်ရုံးနှင့် အိမ်တွင်းမှုသင်တန်းကျောင်းများသို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ သွားရောက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

Mobile Library စနစ်ဖြင့် စာအုပ်များငှားရမ်းပေးခြင်းအား စာကြည့်တိုက်သို့ ကိုယ်တိုင်မလာရောက်နိုင်သည့် စာပေဝါသနာရှင်များ စာပေဖတ်ရှုနိုင်စေရန်၊ စာပေဖတ်ရှုမှုနှုန်း တိုးတက်လာစေရန် ရည်ရွယ်၍ စာဖတ်သူများလက်ဝယ်အရောက် ငှားရမ်းပေးခြင်းဖြစ်သည်။ အဆိုပါ ဆောင်ရွက်ခြင်းအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိပြီး အပတ်စဉ် သွားရောက်လဲလှယ် ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

မြို့နယ်(ပြန်/ဆက်)