၁၇ ဩဂုတ်

 

 

ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် ယမန်နေ့က ကိုဗစ်-၁၉ ထပ်မံ ကူးစက်ခံရသူ ၂၀ဝ၀ ကျော် ရှိပြီး သေဆုံးသူ ၃၂ ဦး ထပ်မံတွေ့ရှိခဲ့သည်။

 

 

နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ စုစုပေါင်း ၂၇၆၀ဝ၀ ကျော် ရှိပြီး သေဆုံးသူပေါင်း ၃၆၅၇ ဦး အထိ ရှိလာကြောင်း ကျန်းမာရေးဌာန အထွေထွေဦးစီးဌာန (DGHS) က ပြောကြားခဲ့သည်။

 

 

ကျန်းမာရေးနှင့် မိသားစု ပြုစုစောင့်ရှောက်ရေး ဝန်ကြီးဌာန လက်အောက်ရှိ DGHS ဌာနမှ ထုတ်ပြန်သော ကိန်းဂဏန်းများအရ ယမန်နေ့က ထပ်မံရောဂါ ကူးစက်ခံရသူ ၂၀၂၄ ဦး အပါအဝင် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက် ခံရသူပေါင်း ၂၇၆၅၄၉ ဦး အထိရှိကြောင်း အတည်ပြု ဖော်ပြထားသည်။

 

 

ကူးစက်ခံရမှုမှ ယမန်နေ့က ကျန်းမာရေး ပြန်လည် ကောင်းမွန်လာသူ ၁၃၁၅ ဦး အပါအဝင် ပြန်လည် ကျန်းမာလာသူပေါင်း ၁၅၈၉၅၀ ဦး အထိ ရှိကြောင်း DGHS က ပြောကြားခဲ့သည်။

 

 

တရားဝင် ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုကြောင့် ယခုအချိန်အထိ သေဆုံးမှုနှုန်း ၁ ဒသမ ၃၂ ရာခိုင်နှုန်းရှိပြီး ကျန်းမာရေး ကောင်းမွန်လာမှုနှုန်းမှာ ၅၇ ဒသမ ၄၈ ရာခိုင်နှုန်း ရှိသည်။

 

 

ဘင်္ဂလားဒေ့ရှ်တွင် ဇူလိုင် ၂ ရက်နေ့သည် ကူးစက်သူ အရေအတွက် ၄၀၁၉ ဖြင့် ကူးစက်မှု အများဆုံးနေ့ ဖြစ်ခဲ့ပြီး ဇွန် ၃၀ ရက်နေ့သည် သေဆုံးသူ ၆၄ ဦးဖြင့် သေဆုံးမှု အများဆုံးနေ့ ဖြစ်ခဲ့သည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို