မန်စီးတီးအသင်း ကွင်းလယ်ကစားသမား ကီဗင်ဒီဘရိုင်းဟာ ပရီမီယာလိဂ်တစ်ရာသီ အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရပြီ ဖြစ်ပါတယ်။ အသက် ၂၉ နှစ် အရွယ်ရှိ ကွင်းလယ်ကစားသမား ကီဗင်ဒီဘရိုင်းဟာ မန်စီးတီးအသင်းအတွက် သွင်းဂိုး ၁၃ ဂိုး သွင်းယူပေးနိုင်ခဲ့သလို ပရီမီယာလိဂ်ပြိုင်ပွဲမှာ မန်စီးတီးအသင်းကို ချန်ပီယံလီဗာပူးအသင်းအောက် အမှတ်ပေးဇယား ဒုတိယနေရာမှာ ရပ်တည်နိုင်အောင်လည်း စွမ်းဆောင်ပေးခဲ့သူ ဖြစ်ပါတယ်။

 

ကီဗင်ဒီဘရိုင်းဟာ ကိုယ်တိုင်ဂိုးသွင်းယူပေးနိုင်ခဲ့သလို အသင်းရဲ့ ကစားဖော်တွေ ဂိုးသွင်းနိုင်ဖို့လည်း ဂိုးဖန်တီးမှု အကြိမ် ၂၀ အထိ ဖန်တီးပေးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ အခုနှစ် ပရီမီယာလိဂ်ဘောလုံးရာသီမှာ ကီဗင်ဒီဘရိုင်းအနေနဲ့ အကြိမ် ၂၀ အထိ ဂိုးဖန်တီးပေးနိုင်ခဲ့မှုဟာ ၂၀ဝ၂-၂၀ဝ၃ ဘောလုံးရာသီက အာဆင်နယ်အသင်းအတွက် ဂိုးဖန်တီးပေးနိုင်ခဲ့တဲ့ ဟင်နရီရဲ့စံချိန်ကို လိုက်မီခဲ့တာလည်း ဖြစ်ပါတယ်။

 

ကွင်းလယ်ကစားသမား ဒီဘရိုင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ ကိုးရာသီကာလအတွင်း ပရီမီယာလိဂ် ပြိုင်ပွဲရဲ့ တစ်ရာသီ အကောင်းဆုံးကစားသမားအဖြစ် သုံးကြိမ်မြောက် သတ်မှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ လီဗာပူးအသင်း နည်းပြကလော့ကတော့ ပရီမီယာလိဂ် တစ်ရာသီအတွင်း အကောင်းဆုံးနည်းပြအဖြစ် သတ်မှတ်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။

 

ငွေကြယ်