ချန်ပီယံရှစ်ကလပ် ဝက်ဖို့ဒ်အသင်းဟာ ဗလာဒီမာအီဗစ်ကို အသင်းရဲ့ နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။
အသက် ၄၃ နှစ်အရွယ်ရှိ ဗလာဒီမာအီဗစ်ဟာ ဝက်ဖို့ဒ်အသင်းနဲ့ တစ်နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ် ချုပ်ဆိုခဲ့ခြင်းဖြစ်ပြီး အဆိုပါ စာချုပ်အရ ဝက်ဖို့ဒ်အသင်းနဲ့ နောက်ထပ်တစ်နှစ်သက်တမ်းတိုးခွင့် ရရှိမှာလည်း ဖြစ်ပါတယ်။
ဝက်ဖို့ဒ်အသင်းဟာ ပရီမီယာလိဂ်နောက်ဆုံးပွဲစဉ်မှာ အာဆင်နယ်အသင်းကို သုံးဂိုး-နှစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် ပရီမီယာလိဂ်ပြိုင်ပွဲကနေ တန်းဆင်းခဲ့ရတာလည်း ဖြစ်ပါတယ်။
ဝက်ဖို့ဒ်အသင်းဟာ အခုနှစ်ဘောလုံးရာသီမပြီးဆုံးမီ နှစ်ပွဲအလိုမှာ နည်းပြပီယာဆင်ကို အသင်းနည်းပြအဖြစ်ကနေ ထုတ်ပယ်ခဲ့တာဖြစ်ပြီး ပီယာဆင်ရဲ့နေရာမှာ အစားထိုးနည်းပြအဖြစ် ဗလာဒီမာအီဗစ်ကို ခန့်အပ်ခဲ့တာလည်း ဖြစ်ပါတယ်။
ငွေကြယ်