ရန်ကုန် ၁၇ ဩဂုတ်
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ချောင်ရန်မြို့၌ ပြုလုပ်လျက်ရှိသော Chinese 8 Ball ပြိုင်ပွဲ တတိယဗိုလ်လုပွဲကို ဩဂုတ် ၂၁ ရက်တွင် မြန်မာနိုင်ငံကိုယ်စားပြု ဘုန်းမြင့်ကျော်(ခ)အားတီနှင့် ယုဟိုင်းတောင်(တရုတ်)တို့ ယှဥ်ပြိုင်ကစားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ့လက်ရွေးစင် ပူးလ်ကစားသမား ဘုန်းမြင့်ကျော် (ခ) အားတီသည် ပထမအဆင့်ပွဲစဉ်များ၌ ခြောက်ပွဲစလုံး ကစားခြောက်ပွဲစလုံးနိုင်ကာ အဆင့် ၁ ဖြင့် ဒုတိယအဆင့် ဆီမီးဖိုင်နယ်ပွဲစဥ်သို့ တက်ခွင့်ရရှိခဲ့သည်။ အားတီသည် ဒုတိယအဆင့် ဆီမီးဖိုင်နယ်ပွဲစဉ်ကို ဩဂုတ် ၈ ရက်နှင့် ၉ ရက်က လက်ရှိ ကမ္ဘာ့မာစတာချန်ပီယံ Chu Bingjie ကို ၂၁-၂၀၊ ၂၁-၁၁ ဖြင့် နှစ်ပွဲပြတ်ရှုံးနိမ့်ခဲ့သည်။ ပြိုင်ဘက်ယုဟိုင်းတောင်သည် ဇူလိုင် ၂၂ ရက်နှင့် ၂၃ ရက် ဆီမီးဖိုင်နယ်ပွဲစဉ်၌ Zheng Yu Bo ကို ၂၁-၁၁၊ ၂၁-၁၉ ဖြင့် နှစ်ပွဲပြတ် ဖြင့်ရှုံးနိမ့်ခဲ့သည်။ တတိယဗိုလ်လုပွဲပြိုင်ပွဲတွင် နှစ်ဦးစလုံး အကြိတ်အနယ် ယှဉ်ပြိုင်ကြမည့် ပွဲကောင်းတစ်ပွဲဖြစ်ပြီး တတိယရရှိသူအား ငွေကျပ်သိန်း ၂၀၀ ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။
ယင်းChinese 8 Ball ပြိုင်ပွဲကို ၂၀၂၀ ဧပြီက ကျင်းပခဲ့ပြီး သြဂုတ်နောက်ဆုံးအပတ်၌ ပြီးဆုံးမည်ဖြစ်ကြောင်း သိရသည်။
အာကာလင်း