၁၇ ဩဂုတ်
တောင်ကိုရီးယားနိုင်ငံက ထောင်ချီတဲ့ ပရိုတက်စတင့် ဘာသာဝင်တွေအား သီးခြားစောင့်ကြည့်မှု အောက်မှာ ထားရှိရန် တာဝန်ရှိသူတွေက ဒီနေ့(တနင်္လာနေ့)မှာ အမိန့်ထုတ်ပြန်လိုက်ပါတယ်။ ဘာသာရေးအဖွဲ့တွေနဲ့ ဗိုင်းရပ်စ်ပိုးတွေ့ရှိမှုတို့ ဆက်စပ်နေတဲ့အတွက် အခုလို အမိန့်ထုတ်ပြန် လိုက်တာလို့ ဆိုပါတယ်။
တောင်ကိုရီးယားနိုင်ငံက ဗိုင်းရပ်စ်ပိုးကူးစက်မှုကို ထိန်းချုပ်ရန်အတွက် ဗိုင်းရပ်စ်ပိုး လာရာလမ်းကြောင်းရှာခြင်း၊ စစ်သပ်ခြင်းနဲ့ ကုသပေးခြင်း တို့ကို လုပ်ဆောင်နေပါတယ်။
ဗိုင်းရပ်စ်ပိုး ပျံ့နှံ့မှု ဖြစ်ပွားပြီးနောက် ဒုတိယလှိုင်း ဖြစ်လာမှာကို စိုးရိမ်တဲ့အတွက် ရုံးပိတ်အတွင်းမှာ မြို့တော်ဆိုးလ်နဲ့ ဂျန်ဂီပြည်နယ်ကြားမှာ နေထိုင်တဲ့ လူဦးရေ တစ်ဝက်နီးပါးကို ဘာသာရေး စုရုံးမှုမလုပ်ရန်နဲ့ မလိုအပ်ဘဲ ခရီးမသွားရန် ညွှန်ကြားထားခဲ့ပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၁၉၇ ဦး ဒီနေ့ (တနင်္လာနေ့) မှာ တွေ့ရှိတဲ့အတွက် စုစုပေါင်း ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၁၅,၅၁၅ ဦးဖြစ်လာကြောင်း သိရပါတယ်။ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူပမာဏ ဂဏန်းသုံး ဖြစ်နေတာ လေးရက် ဆက်တိုက်ရှိနေပြီဖြစ်ပါတယ်။ ဒီ့အရင်ကတော့ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ပမာဏ ဟာ ၃၀ ကနေ ၄၀ ကျော် အထိသာ ရှိခဲ့ကြောင်း သိရပါတယ်။
ဆိုးလ်မြို့ရှိ ဆာရာဂျေးခရစ်ယာန်ဘုရားကျောင်းနဲ့ ဆက်စပ်ပြီး ဗိုင်းရပ်စ်ပိုးတွေ့ရှိသူဟာ ၃၁၅ ဦး ရှိလာတဲ့အတွက် ဘုရားကျောင်းနဲ့ ပတ်သက်သူ ၃,၄၀၀ ကို သီးသန့် စောင့်ကြည့်မှုအောက်မှာ နေထိုင်ရန် ညွှန်ကြားထားခြင်းဖြစ်ပါတယ်။
MDN
ကိုးကား- AFP