နေပြည်တော်   ၁၇    ဩဂုတ်

 

ပညာရေးဝန်ကြီးဌာန မိုးရာသီ သစ်ပင်စိုက်ပွဲတော်အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ပျဉ်းမနားမြို့ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသည်။

 

ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ကံ့ကော်ပင်ကို စတင်စိုက်ပျိုးပြီး ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ခရေပင်ကို စိုက်ပျိုးကြသည်။

 

ယင်းနောက် ကြွရောက်လာသည့် ညွှန်ကြားရေးမှူးချုပ်များနှင့် ဧည့်သည်တော်များ၊ ဆရာ ဆရာမများက သစ်ပင်ပန်းမာန်များကို စိုက်ပျိုးကြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က သစ်ပင်စိုက်ပျိုးနေမှုများကို လှည့်လည်ကြည့်ရှု အားပေးသည်။

 

ယနေ့ကျင်းပသည့် ပညာရေးဝန်ကြီးဌာန သစ်ပင်စိုက်ပွဲတော်တွင်  ကံကော်ပင်၊ ခရေပင်၊ ပိတောက်ပင်၊ ငုဝါပင်၊ ရေတမာပင်၊ ကျွန်းပင်နှင့် ပျဉ်းကတိုးပင်စသော ရတနာ တန်းဝင်အပင်များနှင့် ပန်းမာန်များကို စိုက်ပျိုးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်