လားရှိုး ၁၇ ဩဂုတ်
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် မူဆယ်မြို့၊ လောက်ကိုင်မြို့နှင့် ချင်းရွှေဟော်မြို့များရှိ နှစ်နိုင်ငံနယ်စပ်ဂိတ်များမှ တစ်ဆင့် တရုတ်နိုင်ငံမှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား လားရှိုးမြို့မှတစ်ဆင့် မီးရထားခရီးစဉ်ဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ မေ ၆ ရက်မှ စတင်ပြီး စနစ်တကျ လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိသည်။
ထိုသို့ လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာတွင် နှစ်နိုင်ငံနယ်စပ်ဂိတ်များမှ တစ်ဆင့်ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများကို စနစ်တကျစိစစ်၍ လားရှိုးမြို့အထိ မော်တော်ယာဉ်များဖြင့် လွှဲပြောင်း ပို့ဆောင်ပေးလျက်ရှိပြီး လားရှိုးမြို့မှတစ်ဆင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးသို့ မြန်မာ့မီးရထား ခရီးစဉ်ဖြင့် ပို့ဆောင်ပေးလျက်ရှိရာ ဩဂုတ် ၁၇ ရက်တွင် နေရပ်ပြန် ပြည်သူ အမျိုးသား (၃၉)ဦး ၊ အမျိုးသမီး(၂၇)ဦး စုစုပေါင်း (၆၆)ဦးတို့အား စနစ်တကျ ထပ်မံလွှဲပြောင်း ပို့ဆောင် ပေးခဲ့ပါသည်။
အဆိုပါ နေရပ်ပြန်ပြည်သူ (၆၆) ဦးတို့တွင် ချင်းပြည်နယ်မှ(၂)ဦး ၊ စစ်ကိုင်းတိုင်းဒေသကြီးမှ (၅)ဦး၊ ပဲခူးတိုင်းဒေသကြီးမှ (၃)ဦး ၊ မကွေးတိုင်းဒေသကြီးမှ (၁၇)ဦး ၊ မန္တလေးတိုင်းဒေသကြီးမှ(၂၄)ဦး ၊ ရခိုင် ပြည်နယ်မှ (၆)ဦး ၊ ဧရာဝတီတိုင်းဒေသကြီးမှ (၃)ဦး ၊ ရန်ကုန်တိုင်းဒေသကြီးမှ (၆)ဦးတို့ဖြစ်ကြသည်။
နှစ်နိုင်ငံနယ်စပ်ဂိတ်များမှ တစ်ဆင့်ပြန်လည် ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ လွှဲပြောင်းပို့ဆောင်ပေးရာတွင် မေ ၆ ရက်မှ ဩဂုတ် ၁၇ ရက်အထိ အမျိုးသား (၉၂၅၄)ဦး ၊ အမျိုးသမီး (၅၇၁၈) ဦး စုစုပေါင်း (၁၄၉၇၂) ဦးတို့ကို လွှဲပြောင်းပို့ဆောင်ပေးနိုင်ခဲ့ကြောင်း သိရသည်။
ပြည်နယ်( ပြန်/ဆက်)