တာချီလိတ် ၁၇ ဩဂုတ်

တာချီလိတ်ခရိုင်ငါးလုပ်ငန်းဦးစီးဌာနသည် ဒေသအတွင်း ငါးမွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုးလာ စေရန်နှင့် ကျေးလက်နေပြည်သူများ ငါးမွေးမြူခြင်းဖြင့် ငါးစားသုံးမှုများပိုမိုများပြားလာစေပြီး တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိစေရန် ရည်ရွယ်၍ မိုင်းဖြတ်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် အခြေခံငါးမွေးမြူရေးနှင့်ဆေးထိုးသားဖောက်သင်တန်းအား ယမန်နေ့ က ဖွင့်လှစ်သင်ကြားခဲ့သည်

အဆိုပါသင်တန်းတွင် သင်တန်းသား ၄၀ အား စာတွေ့လက်တွေ့ သင်ကြားပေးခဲ့ကြောင်းသိရသည်။

(သတင်းစဉ်)