တာချီလိတ် ၁၇ ဩဂုတ်
တာချီလိတ်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနသည် ဒေသအတွင်း ငါးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးလာစေရန်နှင့် ကျေးလက်နေပြည်သူများ ငါးမွေးမြူခြင်းဖြင့် ငါးစားသုံးမှုများ ပိုမိုများပြားလာစေပြီး တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိစေရန် ရည်ရွယ်၍ မိုင်းဖြတ်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် အခြေခံငါးမွေးမြူရေးနှင့် ဆေးထိုးသားဖောက် သင်တန်းအား ယမန်နေ့ က ဖွင့်လှစ်သင်ကြားခဲ့သည်။
အဆိုပါသင်တန်းတွင် သင်တန်းသား ၄၀ အား စာတွေ့လက်တွေ့ သင်ကြားပေးခဲ့ကြောင်းသိရသည်။
(သတင်းစဉ်)